ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၁၉-၈-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၂--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဂွနက်(စမုံ)(၁၅ဝဝဝိ/-)၊ နှမ်းဖြူ (ရေသွင်း)(၅၀၀၀ိ/-)၊ နှမ်းနီ(၂၀၀၀ိ/-)ကျပ် စျေးကျကာ နှမ်းဖြူ(၂၀၀၀ိ/-)စျေးတက်ပြီး အရောင်း အဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၄၅၀ မှ ၅၅၀)ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင်(၁၂--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၁၀ဝိ/-) ၊ ကုလားပဲ(HL)(၃ဝဝိ/-)၊ ပဲစဉ်းငုံ(သစ်)(၂၀၀ိ/-) ၊ပဲစဉ်းငုံ(အဟောင်း)(၅၀၀ိ/-) ၊မတ်ပဲ(၁၀၀၀ိ/-)ကျပ် ဈေးတက်ကာ ပဲထောပတ်(၂၀၀ိ/-)စျေးကျပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့်် ယခင်(၁၂--၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ(လိုင်း) (၁၀၀ိ/-)၊ မြေပဲလုံးဆံဖြူ(လိုင်း)(၂၀၀ိ/-)စျေးတက်ပြီး မြေပဲထောင့်(မျိုး)(နီ)(၁၀၀၀ိ/-)စျေးကျကာ ကျန် မြေပဲလုံးဆံဈေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၁၂..၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက မြေပဲဆီ (၃၀၀ိ/-)၊စားအုန်းဆီ(၃၀ိ/-)စျေးတက်ကာ နှမ်းဆီစျေး အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါ သည်။

 

ဆန်

          ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၁၂..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေး(ဖျာပုံ)(၁၀၀၀ိ/-)စျေးကျကာ ပေါ်ဆန်းမွှေး(ရွှေဘို)(၁ဝဝဝိ/-)ဈေးတက်ပြီး ဧရာ ပဒေသာခပ်ချက်(ကုန်းဇောင်း)မှာ စျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်